၁။
အကို ကျွန်တော်တော့ စင်္ကာပူကို စိတ်နာသွားပြီ။
ဒီမှာ ၂ နှစ်လုပ်ခဲ့တာ ဘာမှလည်းမကျန်ဘူး။
ဒီလကုန်ရင် ကျွန်တော့် Work Permit သက်တမ်းကုန်တော့မယ်။
ကျွန်တော်လည်း ပြန်တော့မယ်။
အဲဒါ မပြန်ခင် နေရာအစုံ ရောက်ဘူးအောင် လျှောက်သွားနေတာ။
" "
ကျွန်တော်က နောက်ထပ် သက်တမ်းတိုးပေးဖို့ ပြောတယ်။
သူတို့က ကျွန်တော့်ကို Agent fee ထပ်ပေးရမယ်လို့ ပြောတယ်။
" "
ဟုတ်တယ် ကျွန်တော်စလာတုန်းကအတိုင်း အပြည့်ထပ်တောင်းနေတာ။
ကျွန်တော် မပေးချင်တော့ဘူး။
ပြန်တော့မယ် အကို။
ကျွန်တော် စလုံးကို စိတ်နာသွားပြီ။
၂။
ကျွန်မက အရင်တုန်းက Nurse နဲ့ လုပ်ခဲ့တာ။
" "
ဆေးရုံတွေကို လျှောက်တာပေါ့။
ဒါပေမယ့် သူတို့က Agent ကနေ တစ်ဆင့်ပဲ ခေါ်တယ်။
သူတို့ HR တွေက Agent fee တစ်ဝက် ရတယ်ထင်တယ်။
ကျွန်မသူငယ်ချင်းတစ်ယောက်ပြောတယ်။
သူ့ကို အလုပ်သွင်းပေးတာ သူ့အမတဲ့။
သူ့အမနဲ့ HR က အင်တာဗျူး၊ အလုပ်ခန့်ပြီး
တစ်ယောက် တစ်လခစီ ယူလိုက်တယ်။
စလုံးမှာ အခုနောက်ပိုင်း ဒါမျိုးကြီးပဲ
၃။
ကျွန်မကို ဒီနေ့ ကုမ္ပဏီ တစ်ခုက အင်တာဗျူးခေါ်တယ်။
စီးတီးဟောလ် နားက လက်ဖက်ရည်ဆိုင် တစ်ခုမှာ။
ပြီးတော့ ကျွန်မကို ပြောသေးတယ်။
S-pass တင်ပေးဖို့ ၁၀၀ (စလုံးငွေ) ပေးရမယ်တဲ့။
အဲဒါ ကျွန်မ သွားလိုက်ရင် ကောင်းမလား။
" "
ဟုတ်တယ် ကျွန်မလည်း အဲဒီလို ၁၀၀ စီ
လိမ်ပြီး ယူတဲ့သတင်းတွေတော့ကြားဖူးတယ်။
" "
တစ်ခြားအလုပ်တစ်ခုကတော့ ခေါ်တော့ခေါ်တယ်။
ကျွန်မတို့ ကျောင်းက ဆရာက မိတ်ဆက်ပေးတာ။
ဒါပေမယ့် ဆရာက သူကို ၃၅၀၀ ပေးရမယ်လို့ပြောတယ်။
" "
ဟုတ်ကဲ့ ဒါဆိုရင် ကျွန်မ လခထဲက နှိမ်လို့ရမလားလို့
မေးကြည့်လိုက်ပါမယ်။
၎။
ဟုတ်တယ်။
ဘကုန်းကုလားတွေဆို ပိုတောင်ဆိုးသေးတယ်။
သူတို့က Agent fee ၆၀၀၀ ၊ ၇၀၀၀ တောင်ပေးရတာ။
" "
သူကိုခန့်တဲ့ သူဌေးက ယူလိုက်တာပေါ့။
ဒီပိုက်ဆံနဲ့ သူတို့ကို လခပြန်ပေးနေတာပေါ့။
" "
သူဌေးတွေက ဘင်္ဂလားဒေ့ရှ်အထိသွားပြီးခေါ်လာတာ။
အဲဒီတော့ Agent fee အကုန်လုံး သူတို့ အိပ်ထဲရောက်တာပေါ့။
" "
တစ်နေ့မှာ ၁၈-၂၂ ကျပ်ရတာ။
ဒီ Agent fee ကျေအောင် မနည်းရှာရတာ။
အိုတီ (အိုဗာတိုင်) မှ မရရင် သူတို့ ပျာနေတာ။
Friday, October 16, 2009
Thursday, October 15, 2009
လျှို့ဝှက်ဆန်းကြယ် Google
Google ဂမ္ဘီရဘက် ရောက်သွားပြီလား။ဟိုနေ့က Mystery Google ဆိုပြီးတွေလိုက်တယ်
အဲဒီထဲမှာ "myanmar" ဆိုတာကို ရှာကြည့်တော့ "yoyo" ကိုရှာတာ ထွက်လာတယ်။
လေးဖြူကို ရှာကြည့်တော့ "Please don't type gibberish." တဲ့။
"What is Mystery Google" ကို ရှာကြည့်တော့ "That is the site you are on." တဲ့။
အဲဒါဆို Mystery google ဟာ ဘာလဲ။
နောက်တခါ "myanmar" ကို ထပ်ရှာကြည့်တော့ "whiteout" ဆိုပြီးထွက်လာပြန်ရော။
ဒါဆို ပရမ်းပတာ အဖြေတွေ ရှောက်ပြနေတာလား။
မဖြစ်သေးပါဘူး။ ရိုးရိုး Google မှာ "Mystery Google" ကို ရှာကြည့်တော့
"You get what the person before you searched for" တဲ့
ကိုယ့်ရဲ့ရှေ့ကလူ ရှာသွားတဲ့ ဟာ ကိုယ့်ဆီမှာ လာပြနေတာကိုး။
ကဲ ဒါဆိုရင် ကျွန်တော်တို့ ဆိုက်ကို ရောက်မယ့် စာလုံးတွေ များများရှာ၊
ဒါမှ လူများတွေ ကျွန်တော်တို့ ဆိုက်ကို ရောက်လာမယ်။
Thursday, October 8, 2009
သားသား နဲ့ မီးမီး ကြိုက်တဲ့ Youtube ဗွီဒီယိုတွေ
သားသားရော မီးမီးပါ အခုအခါမှာ Youtube ထဲက ကလေးသင်ကြားမှု ထောက်ကူပြု ဗွီဒီယိုတွေကို ကြိုက်နှစ်သက်နေကြပါပြီ။
၁။ အရိုးစုများနှင့် ကခုန်ခြင်း
ဒီဗွီဒီယိုလာရင် ၁နှစ်ခွဲတောင် မပြည့်သေးတဲ့ သားသားဟာ သူရဲ့ ဘယ်ဘက်လက်ကို ညာလက်နဲ့ ကိုင်ပြီး လိုက်ကပါတယ်။ သမီးကတော့ အဲဒီ သီချင်းကို လိုက်ဆိုနေပါပြီ။
၂။ Orange color, Orange color !!!!!
Youtube ဖွင့်ပြတော့မယ်ဆို Orange color, Orange color ဆိုပြီးအမြဲအော်ပါတယ်။ သူကဒီဗွီဒီယိုထဲက "Oh My God" အပိုင်းကို အကြိုက်ဆုံးပါ။
၃။ လက်ချောင်းလေးတွေ လိုက်လှုပ်ကြမယ်
၂ ယောက်လုံးကြိုက်တဲ့ဟာပါ။ လက်ကလေးတွေလှုပ်တာတွေတာနဲ့ သူတို့လက်ကလေး တွေကို လိုက်လှုပ်ကြည့်တာ....။ ထီးဖွင့်လိုက်တဲ့အချိန်ကြရင်လည်း ရီကြပြန်ရော။
၎။ ဗုံတီးတာကြည့်မယ်။
အစက ဘာကိုပြောမှန်း မသိပါဘူး။ နောက်မှ သီချင်းထဲက ဗုံသံကို သမီးက မှတ်ထားမှန်း သိရတယ်။ မျောက်ကလေးတွေ လိုက်ရေရင်း ခုန်ကြတာ ပျော်စရာပါ။
၅။ ခြေတပေါင်ကျိုးခုန်မယ်။
၃ နှစ်ပြည့်ခါစ သမီးလေးအတွက် ခြေတပေါင်ကျိုးခုန်တာ သူ့အတွက် စွန့်စားခန်းပါ။

Tuesday, October 6, 2009
လက်ခံရရှိသူတွေ မဖေါ်ပြပဲ Gmail ပို့တဲ့နည်း
Gmail ကနေ သူငယ်ချင်းတွေ လုပ်ဖေါ်ကိုင်ဖက်တွေကို အီးမေးလ်ပို့တဲ့အခါ
ဖြစ်ဖြစ် တစ်ဆင့်ပြန်ပို့တဲ့အခါ (forward) ဖြစ်ဖြစ် အပို့ခံရတဲ့သူတွေ အချင်းချင်း
နာမည်စာရင်းမသိစေချင်ရင် လုပ်တဲ့နည်းလေးပါ။
ပေးပို့မယ်သူရဲ့ လိပ်စာနေရာ ("To" field) ထဲမှာ
"Undisclosed recipients" ကို အရင်ရိုက်ထည့်ပါ။ ပြီးတော့ နောက်ကနေ
"<" ပြီးရင် သင့်ရဲ့ gmail လိပ်စာ နောက်ဆုံးမှာ ">" ဆိုပြီး ရိုက်ထည့်လိုက်ပါ။
ဥပမာ သင်ရဲ့ဂျီမေးလ် လိပ်စာဟာ yourgmail@gmail.com ဆိုပါစို့ ။
အခုအောက်မှာ ပြထားသလို ရိုက်ထည့်ပေးရပါမယ်။
"Undisclosed recipients" <yourgmail@gmail.com>
ပြီးရင် Bcc Field ကို ဖွင့်ပြီး ကိုယ်ပို့ချင်တဲ့ သူငယ်ချင်း ၊ လုပ်ဖေါ်ကိုင်ဖက်တွေ
အကုန်လုံးကို အဲဒီမှာ ထည့်ပြီး ပို့လိုက်ရင် အဲဒီမေးလ်ကို လက်ခံရရှိတဲ့သူတွေဟာ
တစ်ခြားလက်ခံရရှိသူတွေစာရင်းကို မသိနိုင်တော့ပါဘူး။
Sunday, October 4, 2009
Life
Life အကြောင်း သူငယ်ချင်းတစ်ယောက် ပြောပြခဲ့ဘူးတာလေးပါ။
စိတ်ပညာအတန်းတစ်ခုမှာ ပါမောက္ခတစ်ယောက်ဟာ သူ့ရှေ့က စားပွဲပေါ်မှာ ပစ္စည်းတွေ တင်ထားပြီး အတန်းသားတွေ စုံအောင် စောင့်နေတယ်။
သင်တန်းစတာနဲ့ ပါမောက္ခဟာ သူ့ရှေ့မှာ ရှိတဲ့ ဖန်ရေတကောင်း အကြီးကြီးထဲကို ဂေါက်သီးဘောလုံးတွေ အပြည့် ဖြည့်လိုက်တယ်။ ပြီးတော့ အတန်းသားတွေဘက်လှည့်ပြီး ပြည့်ပြီလားလို့ မေးလိုက်တယ်။ အားလုံးက တစ်ညီတစ်ညွတ်တည်း ပြည့်ပါပြီလို့ ပြန်ဖြေလိုက်တယ်။
တစ်ခါ ပါမောက္ခက ဖန်ဂေါ်လီလုံးလေးတွေကို ခုနက ဂေါက်သီးတွေနဲ့ ပြည့်နေတဲ့ ရေတကောင်းထဲ တစ်ဖြည်းဖြည်း ထပ်ထည့်နေတယ်။ တစ်ဖက်ကလည်း ရေတကောင်းကို ဖြည်းဖြည်းခြင်း လှုပ်ပေးနေတယ်။ ဒီလိုနဲ့ ဖန်ဂေါ်လီလုံးလေးတွေဟာ ဂေါက်သီးတွေရဲ့ကြား လွတ်နေတဲ့ နေရာတွေထဲ တစ်ဖြည်းဖြည်း ၀င်သွားတယ်။ နေရာလွတ်တွေအားလုံး ဖန်ဂေါ်လီတွေပြည့်သွားတဲ့ အခါမှာ ပါမောက္ခက သင်တန်းသားတွေကို ပြည့်ပြီလား လို့ ထပ်မေးပြန်ရော။ ဒီတစ်ခါလည်း အတန်းသားတွေက ပြည့်ပါပြီ လို့ ဖြေကြတယ်။
အဖြေရပြီးတဲ့ အခါမှာ ပါမောက္ခဟာ ဘာမပြောညာမပြောနဲ့ ခုနက ရေတကောင်းထဲကို သဲတွေ ထပ်ပြီး လောင်းထည့်နေပြန်တယ်။ ဂေါက်သီး နဲ့ ဖန်ဂေါ်လီတွေကြားထဲက လွတ်နေတဲ့ နေရာတွေ အားလုံး သဲတွေနဲ့ ပြည့်သွားတဲ့ အခါမှာ ပါမောက္ခက ဒီတစ်ခါရော ပြည့်ပြီးလားလို့ မေးလိုက်ပြန်တယ်။ သင်ထင်တဲ့အတိုင်းပဲ သင်တန်းသားတွေက ပြည့်ပါပြီလို့ ဖြေကြရပြန်တာပေါ့။
ဒီတစ်ခါတော့ ပါမောက္ခဟာ ဘီယာဘူး နှစ်ဘူးကို ဖွင့်ပြီး ရေတကောင်းထဲ လောင်းထည့်ပြန်ပါတယ်။ လောင်းထည့်ပြီးသွားတဲ့အခါမှာ ပါမောက္ခက သင်တန်းသားတွေဘက် လှည့်ကြည့်ရုံ ရှိသေးတယ်။ တစ်တန်းလုံးက ရီနေရင်း ပြည့်ပါပြီလို့ ၀ိုင်းအော်ကြတယ်။
တစ်တန်းလုံး ရီသံတွေ တိတ်သွားမှ ပါမောက္ခက ဒီလိုရှင်းပြပါတယ်။
ဒီရေတကောင်းဟာ မင်းတို့ရဲ့ ဘ၀တွေကို ကိုယ်စားပြုတယ်။ ဒီဂေါက်သီးဘောလုံးတွေဟာ မင်းတို့ရဲ့ဘ၀မှာ အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ မင်းတို့ရဲ့ သားသမီးတွေ ၊ မိဘတွေ ၊ အဖိုးအဖွားတွေ ၊ ညီအစ်ကို မောင်နှမတွေ ၊ သူငယ်ချင်းတွေ နဲ့ ကျန်းမာရေးတို့ကို ကိုယ်စားပြုတယ်။ ဖန်ဂေါ်လီတွေက မင်းတို့ရဲ့ အလုပ် ၊ အိမ် ၊ ကားနဲ့ တစ်ခြားအရာတွေကို ကိုယ်စားပြုတယ်။ သဲတွေကတော့ မင်းတို့ရဲ့ ဘ၀မှာ အရေးမပါတဲ့ သာမန်ကိစ္စတွေလို့ ဆိုချင်တယ်။
အခုပဲကြည့် ရေတကောင်းထဲကို သဲတွေ ဒါမှမဟုတ် ဖန်ဂေါ်လီတွေ အပြည့်ထဲ့ထားရင် ဂေါက်သီးတွေ ထည့်လို့ရမလား ၊ မရဘူးမဟုတ်လား ။ ဒီလိုပဲ တကယ့် လက်တွေ့ဘ၀မှာလည်း မင်းတို့ရဲ့ စွမ်းအင်တွေ အချိန်တွေ အကုန်လုံးကို ဘာမှ အရေးမပါတဲ့ ကိစ္စတွေမှာ အသုံးချနေခဲ့လို့ရှိရင် အရေးကြီးတဲ့ အရာတွေအတွက် မကျန်တော့ဘူးဖြစ်နေလိမ့်မယ်။ ဒီတော့ ဘယ်အရာဟာ မင်းတို့အတွက် အရေးပါသလဲဆိုတာ ခွဲခြားသိမြင်နိုင်စွမ်းရှိကြပါ။ မင်းတို့ရဲ့ သားသမီးတွေကို ဂရုစိုက်ကြပါ။ မိဘတွေ ကိုအချိန်ပေး စောင့်ရှောက်ပါ။ အဖိုးအဖွားတွေဆီကို မကြာခဏ သွားလည်ကြပါ။ မင်းတို့ရဲ့ ကျန်းမာရေးကို မှန်မှန် စစ်ဆေးကြပါ။ သဲနဲ့တူတဲ့ အသေးအမွှား ကိစ္စတွေကို အချိန်ပိုမှ ဂရုစိုက်ကြပါ။ ဒီ ဖန်ဂေါ်လီ နဲ့ သဲတွေမရှိလည်း မင်းတို့ရဲ့ ဘ၀ဟာ ပြည့်စုံနိုင်တယ်ဆိုတာ အမှတ်ရကြပါ ဆိုပြီး စကားကို အဆုံးသတ်လိုက်တယ်။
ပါမောက္ခရဲ့ စကားအဆုံးမှာ ကျောင်းသားတစ်ယောက်က ထပြီး ဆရာကြီး ဘီယာကရော ဘာကိုဆိုလိုချင်တာလည်းလို့ မေးလိုက်တယ်။
ဒီအခါမှာ ပါမောက္ခက ပြုံးပြီး မင်းတို့မေးမှမေးပါ့မလားလို့ ငါစိုးရိမ်နေတာကွ ၊ မင်းတို့တွေရဲ့ဘ၀မှာ ဘယ်လောက်ဘဲ အလုပ်တွေများနေပါစေ သူငယ်ချင်းတွေနဲ့ ဘီယာနှစ်ခွက်လောက်တော့ ချဖို့အချိန်ပေးနိုင်တယ်ဆိုတာ ပြောပြချင်တာပါ တဲ့။

Thursday, October 1, 2009
ခလေးအတွေး
ဒီနေ့ မောင်မောင်တို့ သင်္ချာဆရာမက အတန်းထဲမှာ သင်္ချာတစ်ပုဒ်မေးတယ်။
မေးခွန်းက ငှက်ငါးကောင် သစ်ကိုင်းတစ်ခုမှာ နားနေတယ်၊ အဲဒီထဲက တစ်ကောင်ကို
သေနတ်နဲ့ ပစ်ချလိုက်ရင် ငှက်ဘယ်နှစ်ကောင် ကျန်မလဲ တဲ့။
ထုံးစံအတိုင်း မောင်မောင် က အလျင်အမြန် လက်ညှိုးထောင်ပြီး တစ်ကောင်မှ
မကျန်ပါဘူးလို့ ထဖြေလိုက်တယ်။ ဒီအခါမှာ ဆရာမက မင်းဘာကြောင့် ဒီလိုဖြေတာလဲ
ဆိုပြီး ဆက်မေးတော့ ချက်ချင်းပဲ မောင်မောင် က သေနတ်သံကြောင့် ကျန်တဲ့ငှက်တွေ
အကုန်လုံး လန့်ပြီး ပျံသွားလို့ပါ ဆိုပြီး ပြန်ဖြေတယ်။ ဆရာမက မဟုတ်ဘူး
ငှက်တစ်ကောင်ပဲ ပစ်ချလိုက်တာ လေးကောင် ကျန်တယ်၊ ဒါပေမယ့် မင်းစဉ်းစားပုံကို
ဆရာမ သဘောကျတယ်လို့ ပြောလိုက်တယ်။
မောင်မောင် တစ်ယောက် မကျေမနပ် နဲ့ ပြန်ထိုင်လိုက်တယ်။ ခဏကြာတော့
လက်ညှိုးကလေး ထောင်ပြီး ဆရာမ ကျွန်တော်တစ်ခုလောက် မေးချင်တယ်လို့ ပြောပြန်ရော။
မောင်မောင် အကြောင်းသိတဲ့ ဆရာမက ခဏစဉ်းစားပြီးတော့ မေးခွင့်ပေးလိုက်တယ်။
ခွင့်ရတာနဲ့ မောင်မောင်က ဆရာမကို အမျိုးသမီး သုံးယောက် ရေခဲမုန့်
စားနေကြတယ်။ တစ်ယောက်က လျှာနဲ့ လျက်ပြီးစားနေတယ်။ တစ်ယောက်က ကိုက်ပြီးတော့
စားနေတယ်။ ကျန်တစ်ယောက်ကတော့ ရေခဲမုန့်ကို စုပ်ပြီးစားနေတယ်။ ဘယ်တစ်ယောက်က
အိမ်ထောင်ရှိတဲ့သူလဲ လို့မေးလိုက်တယ်။
ဆရာမမျက်နှာ ရုတ်တရတ် ရဲသွားတယ်။ ပြီးတော့ ဆုတ်ဆိုင်းဆုတ်ဆိုင်းနဲ့ ရေခဲမုန့်ကို
စုပ်နေတဲ့ တစ်ယောက်က အိမ်ထောင်သည်ပေါ့လို့ ပြန်ဖြေလိုက်ရော။
မောင်မောင် ပြန်ပြောလိုက်တာက မဟုတ်ဘူး လက်ထပ်လပ်စွပ် ၀တ်ထားတဲ့သူကသာ
အိမ်ထောင်ရှိတဲ့သူ ဒါပေမယ့် ဆရာမ စဉ်းစားပုံကို ကျွန်တော် အရမ်းသဘောကျတယ် တဲ့။