Tuesday, September 29, 2009

မိဘနဲ့ သားသမီး ကြားကမေတ္တာ

 ကိုလူလှတစ်ယောက် တစ်နေ့ကမှ ၀ယ်ထားသည့် ကားသစ်ကလေးကို တသသနှင့်
အိမ်ရှေ့ကွက်လပ်ထဲ၌ ရေဆေးကာ သန့်ရှင်းရေးလုပ်နေစဉ် သူ၏
လေးနှစ်အရွယ်သားကလေး မောင်လှသည် အိမ်ထဲမှ ပြေးထွက်လာပြီး ကျောက်ခဲတစ်တုံး
ကောက်ကိုင်ကာ မပြောဆိုနှင့် ကားဘေးတလျှောက် ဟိုခြစ်ဒီခြစ် ခြစ်လေသည်။

 ကားအသစ်စက်စက်လေးကို ကြည့်မ၀ဖြစ်နေသည့် ကိုလူလှခမျာ
သားဖြစ်သူ၏လုပ်ရပ်ကြောင့် ဒေါသအကြီးအကျယ်ထွက်ပြီး
ဆော့လွန်းသည့်ကလေးလက်များကို နီးရာဖြင့် ကောက်ရိုက်လေသည်။ ကိုလူလှမှာ
ဒေါသကြောင့် ရိုက်နေသော်လည်း သူ့လက်ထဲတွင် ကိုင်ထားသည့်အရာမှာ
တုတ်ချောင်းမဟုတ်ဘဲ ဂွရှင် တချောင်းဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။

 မောင်လှလေး၏ လက်ချောင်းများမှာ ဂွရှင်ဖြင့် ကြိမ်ဖန်များစွာ
ရိုက်နှက်ခံထားရသည်ဖြစ်ရာ အရိုးများကြေမွကုန်ပြီး ဆေးရုံတွင်
လက်ချောင်းလေးများ အကုန်ဖြတ်တောက်ကုသရသည်အထိ အဖြစ်ဆိုးခဲ့လေသည်။

 မောင်လှလေးက မျက်ရည်များစို့နေသော သနားစဖွယ်မျက်နှာငယ်လေးနှင့်
ဖခင်ဖြစ်သူကိုကြည့်ပြီး "ဖေဖေ သားလက်ချောင်းလေးတွေ ဘယ်တော့
ပြန်ထွက်လာမှာလဲဟင်"ဟု မေးရာ ကိုလူလှမှာ ရင်ထဲတွင်
ထိခိုက်လွန်းလှသောကြောင့် စကားပင် ပြန်မပြောနိုင်ဖြစ်နေခဲ့ရသည်။

 ထိုနေ့ အိမ်ပြန်ရောက်သောအခါ ကားအသစ်ကို သားအတွက်ဒေါသဖြစ်ဖြစ်နှင့်
အတန်ကြာ ကန်ကျောက်နေခဲ့သည်။ မောလောက်ပြီဆိုတော့မှ
ကားဘေးမျက်ခင်းပြင်ပေါ်တွင် ခြေကုန်လက်ပန်းနှင့် ထိုင်ချလိုက်သည်။
ထိုင်နေလျက်နှင့် သားခြစ်ဆွဲထားသည့် ကားဘေးနေရာကို လှမ်းကြည့်လိုက်တော့မှ
"အဖေ့ကို သားချစ်တယ်" ဆိုသည့် မောင်လှလေး ကျောက်ခဲဖြင့်
ခြစ်ထားသည့်စာများကို အံ့သြဖွယ်ရာ တွေ့လိုက်ရလေသည်။

 နောက်တစ်နေ့တွင် ကိုလူလှတစ်ယောက် မိမိကိုယ်မိမိ
အဆုံးစီရင်သွားပြီဆိုသည့်သတင်း ထွက်ပေါ်လာလေတော့သည်။


 အရမ်းကောင်းလို့ သူငယ်ချင်းတွေကိုဝေမျှ လိုက်တယ်နော်။

 email ပို့ပေးတဲ့ မျိုး ကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment