Showing posts with label moral. Show all posts
Showing posts with label moral. Show all posts

Wednesday, June 26, 2019


အကောင်းဆုံး ခဲတံတစ်ချောင်းရဲ့ ကတိမှာတမ်း

     တစ်ခါတုန်းက ခဲတဲ့လုပ်တဲ့ အဘိုးအိုတစ်ယောက်ဟာ သူ့ရဲ့ အသစ်ချွတ်ချွတ်ခဲတံလေးကို ထုတ်ပိုးဖို့ ဘူးထဲ မထည့်ခင် မှာတမ်း ငါးခုကို ချွေသတဲ့။ လောကကြီးမှာ မင်းသိသင့်တဲ့အချက် ငါးချက်ရှိတယ်။ ကမ္ဘာကြီးထဲကို မင်းကို ငါမလွှတ်ခင် ဒီငါးချက်ကို မြဲမြဲမှတ်ထားပါ။ ဘယ်တော့မှ မမေ့ပျောက်လိုက်ပါနဲ့။ ဒါဆို မင်းဟာ အကောင်းဆုံး ခဲတံတစ်ချောင်း ဖြစ်လာပါလိမ့်မယ်။
 
ပထမစကား
     ပထမဆုံး မှတ်ထားရမယ့်အချက်ကတော့ မင်းမှာ ကောင်းမြတ်တဲ့အရာတွေ လုပ်လို့ ရတယ်၊ လုပ်နိုင်စွမ်းအားရှိတယ်ဆိုတာပဲ။
ဒုတိယစကား
     တစ်ချိန်မဟုတ် တစ်ချိန် မင်းမှာ ရှတတအတွေ့အကြုံ့တွေ ရလာလိမ့်မယ်။ ဒါပေမဲ့ မှတ်ထားပါ။ ဒီ ရှတတအတွေ့အကြုံတွေဟာ မင်းကို ခဲတံကောင်းတစ်ချောင်း ဖြစ်အောင် သွေးပေးနေတာပဲလို့။ .
တတိယစကား     ဒါကိုလည်း မှတ်ထားပေးပါ။ မင်းဟာ ဘ၀လမ်းတစ်လျှောက် ပြုလုပ်မိတဲ့ အမှားတွေကို ပြန်ပြင်နိုင်စွမ်း ရှိတယ်ဆိုတာ စိတ်ထဲ မှတ်ထားပေးပါ။ .
စတုတ္တစကား     အရေးအကြီးဆုံးကတော့ မင်းစိတ်ထဲမှာ ဘာရှိနေသလဲဆိုတာပါပဲ။
ပဉ္စမ စကား 
     မင်းနင်းခြစ်လိုက်တဲ့ ဧရိယာမျက်နှာပြင်တိုင်းပေါ်မှာ မင်းရဲ့ အမှတ်အသား ကျန်ရစ်နေမယ်ဆိုတာ မြဲမြဲမှတ်ထားပါ။ ဘာတွေပဲ ဖြစ်လာ ဖြစ်လာ မင်းဟာ ရှေ့ဆက်ရေးခြစ်ဖို့ ဆက်လက် လျှောက်လှမ်းနေရပါလိမ့်မယ်။

ခဲတံလေးဟာ အဘိုးအိုစကားကို နားထောင်ပြီး စိတ်ထဲ အသည်းထဲမှာ မှတ်သားထားပါ့မယ်လို့ ကတိပေးပြောကြားရင်း ......

ခရက်ဒစ်