Showing posts with label foreword. Show all posts
Showing posts with label foreword. Show all posts

Saturday, September 26, 2009

ပန်းကျောင်း အကြောင်း

     တိမ်မုန်တိုင်းသည် ကောင်းကင်ဝယ် ခြိမ်းခြိမ်းမြည်ဟည်းကာ 
နယုန်မိုးပြေး လာသောအခါ အရှေ့လေစိုသည် လဟာပြင်ပေါ်၌ 
လမ်းလျှောက်ကာ ၀ါးရုံအကြား၌ ပုလွေမှုတ်ရန်လာသည်။
    ထိုအခါ ပန်းတို့သည် ဘယ်သူမှ ဘယ်အရပ်က လာသည်မသိ။ 
အစုလိုက်၊ အစုလိုက် ရုတ်ခြည်း ထွက်လာ၍ မြက်ခင်းပေါ်တွင် 
အပျော်ကြီးပျော်စွာ က ကြ၏။
    မိခင် ... ပန်းတို့သည် မြေအောက်၌ ကျောင်းတက်သည်ဟု 
ကျွန်တော် အမှန်ယုံပါသည်။
    သူတို့သည် သင်ခန်းစာများကို တံခါးပိတ်လျက် သင်အံသည်။ 
အချိန်မစေ့မီ အပြင်ထွက်လိုသောသူကို သူတို့၏ဆရာက ထောင့်ကွေးမှာ 
မတ်တက်ရပ်စေသည်။ မိုးလာသောအခါ သူတို့ကျောင်းပိတ်သည်။
    တောမြိုင်တွင်းဝယ် သစ်ကိုင်းတို့သည် တစ်ကိုင်းနှင့်တစ်ကိုင်း 
ထိခိုက်၏။ သစ်ရွက်တို့သည် လေထဲ၌ တရှဲရှဲမြည်၏။ မိုးကြိုးတိမ်တို့လည်း 
မိမိတို့၏ လက်ဘီလူးများဖြင့် လက်ခုပ်တီး၏။
    ပန်းသူငယ်တို့လည်း ၀တ်သစ်လွင် နီ၊ ဖြူ၊ ၀ါဖြင့် ပြေးထွက်လာကြ၏။
    မိခင်သိပါစေ။ သူတို့အိမ်ဟာ ကြယ်တွေနေတဲ့ ကောင်းကင်မှာ။ 
သူတို့သည် ဟိုကို ရောက်ချင်လှသည်ကို မေမေ မမြင်ဘူးလား။ 
သူတို့ ဘာကြောင့် ဒါလောက် အလျင်စလိုရှိသည်ကို မေမေသိပါစ။ 
သူတို့ မည်သူ့ထံ လက်လှမ်းနေသည်ကို ကျွန်တော်ရိပ်မိပါသည်။ သူတို့မှာလည်း 
ကျွန်တော့်လိုပဲ အမေရှိတာပေါ့။
     ရာဘင်ဒြာနယ်တဂိုးရေး၍
     မောင်ဖြူးဘာသာပြန်သော
     ဆန်းစသော်တာ ကဗျာများ...မှ
     မင်းလူရဲ့ ပန်းကျောင်း ၀ထ္တုထဲက အဖွင့်ကဗျာကို ကူးယူထားတာပါ။

     ဘလော့တွေမှာ အဖွင့်ပို့စ် ရေးလေ့ရှိသလား ကျွန်တော်မသိပါဘူး။ ဒါပေမယ့်
အခု ရေးနေတဲ့ပို့စ်ကို အဖွင့်ပို့စ်လို့ပြောရင် ပိုနီးစပ်မယ်လိုထင်ပါတယ်။
     ပန်းကျောင်း လို့ဆိုလိုက်ရင် မင်းလူရဲ့ဝတ္ထုကို လူတော်တော်များများ ပြေးမြင်မိကြမှာပါ။ 
google မှာ ပန်းကျောင်းလို့ ရိုက်ရှာလိုက်ရင်လည်း မင်းလူနာမည်နဲ့ တွဲပြီးထွက်လာတာကိုပဲ
တွေ့ရမှာပါ။ ဒီလိုဆိုတော့ ပန်းကျောင်းဟာ မင်းလူရဲ့ မူပိုင်လို ဖြစ်နေတာတွေ့ရတယ်။
     တကယ်လည်း ဒီဘလော့ဂ်ကို နာမည်ပေးဖို့ စဉ်းစားတော့ (ကို)မင်းလူရဲ့ ပန်းကျောင်း
နာမည်နဲ့ အဖွင့်ကဗျာလေးကို စိတ်ထဲ အမှတ်ထင်ထင်ဖြစ်နေတော့ ယူသုံးလိုက်တာပါ။ (ကိုမင်းလူ
ကိုတော့ ဘယ်လိုဆက်သွယ်ပြီး ခွင့်တောင်းရမှန်းမသိလို့ ဒီနေရာကနေပဲ ခွင့်တောင်းလိုက်ပါတယ်။
     ကျေးဇူးတင်စွာဖြင့်......