Tuesday, October 6, 2009

လက်ခံရရှိသူတွေ မဖေါ်ပြပဲ Gmail ပို့တဲ့နည်း

Gamil
   Gmail ကနေ သူငယ်ချင်းတွေ လုပ်ဖေါ်ကိုင်ဖက်တွေကို အီးမေးလ်ပို့တဲ့အခါ 
ဖြစ်ဖြစ် တစ်ဆင့်ပြန်ပို့တဲ့အခါ (forward) ဖြစ်ဖြစ် အပို့ခံရတဲ့သူတွေ အချင်းချင်း
နာမည်စာရင်းမသိစေချင်ရင် လုပ်တဲ့နည်းလေးပါ။

   ပေးပို့မယ်သူရဲ့ လိပ်စာနေရာ ("To" field) ထဲမှာ 
"Undisclosed recipients" ကို အရင်ရိုက်ထည့်ပါ။ ပြီးတော့ နောက်ကနေ
"<" ပြီးရင် သင့်ရဲ့ gmail လိပ်စာ နောက်ဆုံးမှာ ">" ဆိုပြီး ရိုက်ထည့်လိုက်ပါ။

   ဥပမာ သင်ရဲ့ဂျီမေးလ် လိပ်စာဟာ yourgmail@gmail.com ဆိုပါစို့ ။
အခုအောက်မှာ ပြထားသလို ရိုက်ထည့်ပေးရပါမယ်။

"Undisclosed recipients" <yourgmail@gmail.com>

   ပြီးရင် Bcc Field ကို ဖွင့်ပြီး ကိုယ်ပို့ချင်တဲ့ သူငယ်ချင်း ၊ လုပ်ဖေါ်ကိုင်ဖက်တွေ
အကုန်လုံးကို အဲဒီမှာ ထည့်ပြီး ပို့လိုက်ရင် အဲဒီမေးလ်ကို လက်ခံရရှိတဲ့သူတွေဟာ 
တစ်ခြားလက်ခံရရှိသူတွေစာရင်းကို မသိနိုင်တော့ပါဘူး။

No comments:

Post a Comment