Monday, November 2, 2009

Bredolab masked as Facebook Password Reset Confirmation

Bredolab ဗိုင်းရပ်စ်ဟာ အီးမေးလ် ကနေတစ်ဆင့် Facebook အသုံးပြုသူတွေကို တိုက်ခိုက်နေတယ်လို့ MX Lab ကနေကြေငြာသွားပါတယ်။

အဲဒီအီးမေးလ်ရဲ့ ပေးပို့သူနေရာမှာ လို့ဖေါ်ပြထားပေမယ့် တကယ့်အီးမေးလ် လိပ်စာကတော့ Facebook ဆာဗာကနေလာတာ မဟုတ်ပါဘူး။

မေးလ်မှာ attachement ပါလာပြီး ဖိုင်နာမည်ကတော့ Facebook_Password_XXXXX.zip လို့ပေးထားပါတယ်။ XXXXX နေရာမှာ ကျဘမ်း အက္ခရာနဲ့ ဂဏန်းတွေ ပါပါတယ်။

အဲဒီ ဇစ်ဖိုင်ကိုဖွင့်လိုက်ရင် Facebook_Password_XXXXX.exe ဆိုတဲ့ဖိုင် ကိုတွေ့ရပါမယ်။ ဒီ exe ဖိုင်ထဲမှာ Bredolab ဗိုင်းရပ်စ်ပါနေပါတယ်။

အီးမေးလ်စာသားမှာတော့ အောက်ကအတိုင်း ရေးထားပါတယ်။

Hey vguysville ,
Because of the measures taken to provide safety to our clients, your password has been changed. You can find your new password in attached document.
Thanks, The Facebook Team


ဗိုင်းရပ်စ် အသေးစိတ်ကို MX Lab ၀က်ဘ်ဆိုဒ်မှာ ဖတ်နိုင်ပါတယ်။

Facebook ချစ်သူများအနေနဲ့ အဲဒီအီးမေးလ် ကို သတိထားကြပါ။

No comments:

Post a Comment